ကျောင်းကို ၁၉၇၁ တွင်စတင်တည်ထောင်ခဲ့သည်။ အစတွင် စက်မှုအထက်တန်ကျောင်း အဖြစ် စက်မှုလယ်ယာစိုက်ပျိုးရေးနှင့် အသက်မွေး၀မ်းကျောင်းပညာ ဦးစီးဌာန၊ ပညာရေး၀န်ကြီးဌာန၊ မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပညာရေး၀န်ကြီးဌာနမှ ၂၀၀၉ ခုနှစ်မေလ ၅ ရက်တွင်အစိုးရနည်းပညာ အထက်တန်းကျောင်း (မော်လမြိုင်) အဖြစ် ကျောင်းကိုပြန်လည် ဖွင့်လှစ်ခဲ့ပါသည်။ ကျောက်မဲကျေးရွာ၊ သမိုင်းမှတ်တိုင် (၇) မိုင် (၆) ဖာလုံ၊ မော်လမြိုင်- မုဒုံ အဝေးပြေးလမ်း အရှေ့ဘက်တွင်တည်ရှိသည်။မော်လမြိုင်မြို့ကျောင်းဧရိယာမှာ (၃၃.၇၆) ဧကဖြစ်သည်။
