အဖွင့်အမှာစကား
Machining Technology သည် Mechanical Engineering ဘာသာရပ်၏ အဓိကကျသော နည်းပညာနယ်ပယ် တခုဖြစ်ပြီး စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် အခြေခံကျသော စက်များ၊ စက်ကိရိယာများ ၊ တိုင်းတာကိရိယာများ၊ လက်သုံးကိရိယာများနှင့် ခုတ်စားနည်းများကို သိရှိနားလည်ပြီး ၊ ကျွမ်းကျင်စွာကိုင်တွယ်အသုံးချနိုင်ရန် သင်ကြားလေ့ကျင့်ပေးသော သင်တန်းဖြစ်ပါသည်။ အလုပ်ရုံနည်းပညာနှင့် စက်မှုပုံဆွဲ အတတ်ပညာ အခြေခံနည်းစနစ်များကို အသုံးပြုလျှက် စက်ပစ္စည်းအစိတ်အပိုင်းများကို အသုံးပြုလျှက် စက်ပစ္စည်းအစိတ်အပိုင်းများကို ပြုလုပ်တတ်စေရန်၊ လုပ်ငန်းခွင် ဘေးအန္တရယ် ကာကွယ်ရေး အသုံးအဆောင်နှင့် လေ့ကျင့်ရေး စည်းမျ ဉ်းနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်တတ်စေရန် လေ့ကျင့်သင်းကြားလျှက်ရှိပါသည်။ အခြေခံ ဂဟေဆက်နည်းပညာ ဘာသာရပ်တွင် လျှပ်စစ်ဂဟေ၊ ဓာတ်ငွေ့ဂဟေနှင့် ခေတ်ပေါ်ဂဟေဆက်နည်းစနစ်များကို လေ့ကျင့်သင်ကြားပြီး ဘေးအန္တရယ်ကင်း၍ ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍လေ့ကျင့်သင်ကြားလျှက် ရှိပါသည်။
ဆောင်ရွက်လျှက်ရှိသော သင်တန်းများ
- Arc Welding (ကာလတိုသင်တန်း )
နှစ်အလိုက်သင်ကြားရမည့် ဘာသာရပ်များ
သင်တန်းနှစ် | သင်ကြားပေးသောဘာသာရပ်များ |
ပထမနှစ် | မြန်မာစာ |
အင်္ဂလိပ်စာ | |
သင်္ချာ | |
ရူပဗေဒ | |
ဓာတုဗေဒ | |
အခြေခံနည်းပညာပုံဆွဲ | |
အခြေခံနည်းပညာ | |
အခြေခံကွန်ပျူတာ | |
ဒုတိယနှစ် | အင်္ဂလိပ်စာ |
သင်္ချာ | |
Drawing | |
Lathe & Milling Work | |
တတိယနှစ် | အင်္ဂလိပ်စာ |
သင်္ချာ | |
Milling Work | |
Gas & Modern Welding |
အလုပ်အကိုင်အခွင့်အလမ်းများ
အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်၊ လုပ်ငန်းခွင် အသီးသီးတွင် တာဝန်များထမ်းဆောင် နိုင်ရန်အတွက် စာတွေ့၊ လက်တွေ့ သင်ကြားပေးလျှက် ရှိပါသည်။ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်သည့် အခါတွင် အသင့်ဖြစ်စေရန် ရည်ရွယ်၍ ခေတ်နှင့်လျော်ညီသော နည်းပညာများကို စာတွေ့လက်တွေ့နှင့် များကို သင်ကြားပို့ချလျှက်ရှိပါသည်။
ကျောင်းသားနှင့် ဆရာအချိုး
စဉ် | ဘာသာရပ် | ကျောင်းသား၊ ကျောင်းသူ အရေအတွက် | ဆရာ၊ဆရာမ အရေ အတွက် | ကျောင်းသား နှင့်ဆရာ အချိုး |
၁ | စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း | ၉ | ၂ | ၅:၁ |