အမှာစကား
အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်)တွင် ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို သင်ယူတတ်မြောက်ရန်အတွက် ဦးစီးမှသတ်မှတ်၍ ရွေးချယ်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို Electronic Technology Department မှကြိုဆိုပါတယ်။ ကျွန်ုပ်တို့ကျောင်းရဲ့ ကြီးမားသော အစဉ်အလာအတိုင်း ပညာသင်နှစ် ၃ နှစ်အတွင်းတွင် စာတွေ့ ၊ လက်တွေ့များဖြင့် တတ်မြောက်အောင် သင်ကြားပေးလျှက်ရှိပါသည်။
အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်)တွင် ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကိုသင်ယူတတ်မြောက်ရန် အတွက်ဦးစီးဌာနမှ သတ်မှတ်၍ရွေးချယ်ခဲ့ကျသော ကျောင်းသား၊ ကျောင်းသူများကို Electrical Technology Department မှ ကြိုဆိုပါတယ်။ Electrical Technology သည် Electrical Engineering ဘာသာရပ်၏ အဓိကကျသော နည်းပညာနယ်ပယ်တစ်ခုဖြစ်ပါတယ်။ ကျွန်ပ်တို့ကျောင်း၏ ကြီးမားသောအစဉ်အလာအတိုင်း ပညာသင်နှစ်(၃)နှစ်အတွင်းမှာ စာတွေ့လက်တွေ့များဖြင့် တတ်မြောက်အောင် သင်ကြားပေးလျက်ရှိပါသည်။
ပထမနှစ် ET သင်တန်းတွင် Electrical Drawing,Electrical Principles ဘာသာရပ်များကို သင်ကြားပို့ချလျှက်ရှိပါသည်။ Electrical နှင့်ပတ်သက်သော Drawing ပုံများအား ကောင်းမွန်စွာသိရှိနားလည်ပြီး ရေးဆွဲတတ်စေရန် သင်ကြားပေးလျှက်ရှိပါသည်။ Electrical Principles ဘာသာရပ်တွင်လဲ စာတွေ့သင်ကြားပြီး လက်တွေ့တွင်လည်း အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြုပြင်တတ်စေရန်သင်ကြားပေးလျှက်ရှိပါသည်။
ဒုတိယနှစ် ET သင်တန်းတွင် Electrical Installation,Electrical Machine နှင့်Basic Computer Software Application ဘာသာရပ်များကို သင်ကြားပို့ချလျှက်ရှိပါသည်။ Electrical Installation ဘာသာရပ်တွင် စာတွေ့သင်ကြားပေးပြီး လက်တွေ့တွင်လည်း အိမ်တွင်းလျှပ်စစ်ဝါယာကြိုးများ သွယ်တန်းတတ်စေရန် သင်ကြားပေးလျှက်ရှိပါသည်။ Electrical Machine ဘာသာရပ်တွင်စာတွေ့ သင်ကြားပေးပြီးမော်တာများ၊ ကွိုင်များပတ်တတ်စေရန် လက်တွေ့သင်ကြားပေးလျှက်ရှိပါသည်။
Basic Computer Software Application ဘာသာရပ်တွင်လည်း 2D,3D ပုံများရေးဆွဲတတ်စေရန်သင်ကြားပေးလျှက်ရှိပါသည်။ တတိယနှစ် ET သင်တန်းတွင် Industrial Electric Motor Control, Electrical Transformer ဘာသာရပ်များကိုလည်း သင်ကြားပေးပါသည်။ Industrial Electric Motor Control ဘာသာရပ်တွင် စာတွေ့သင်ကြားပြီး Electric Motor များကို Control Componentများ သုံး၍ထိန်းချုပ် မောင်းနှင်တတ်စေရန် လက်တွေ.သင်ကြားပို့ချလျက်ရှိပါသည်။ Electrical Transformer ဘာသာရပ်တွင် စာတွေ့သင်ကြားပြီး Transformer Winding ရစ်ပတ်တတ်စေရန် လက်တွေ့ သင်ကြားပေးလျှက်ရှိပါသည်။
နှစ်အလိုက်သင်ကြားရမည့် ဘာသာရပ်များ
သင်တန်းနှစ် | သင်ကြားပေးသောဘာသာရပ်များ |
ပထမနှစ် | မြန်မာစာ |
အင်္ဂလိပ်စာ | |
သင်္ချာ | |
ရူပဗေဒ | |
ဓာတုဗေဒ | |
အခြေခံနည်းပညာပုံဆွဲ | |
အခြေခံနည်းပညာ | |
အခြေခံကွန်ပျူတာ | |
ဒုတိယနှစ် | အင်္ဂလိပ်စာ |
သင်္ချာ | |
Electrical Installation | |
Electrical Machine | |
Basic Auto CAD Drawing | |
တတိယနှစ် | အင်္ဂလိပ်စာ |
သင်္ချာ | |
Electrical Installation | |
Electrical Machine | |
Basic Computer Software Application |
အလုပ်အကိုင် အခွင့်အလမ်း
အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဌာနဆိုင်ရာအသီးသီးတွင် လုပ်ငန်းခွင်တာဝန် များထမ်းဆောင်နိုင်ရန်အတွက်လည်း စာတွေ့ လက်တွေ့သင်ကြားပေးလျှက်ရှိပါသည်။ Company များတွင်လည်း တာဝန် ထမ်းဆောင်နိုင်ရန် အတွက်အတွေ့အကြုံရရှိစေရန် ရည်ရွယ်၍ ခေတ်မီတိုးတက်နေသော နည်းပညာများကို ခေတ်နှင့်လျော်ညီစွာစာတွေ၊လက်တွေ့သင်ကြားပို့ချလျှက်ရှိပါသည်။
ကျောင်းသားနှင့် ဆရာအချိုး
စဉ် | ဘာသာရပ် | ကျောင်းသား၊ ကျောင်းသူ အရေအတွက် | ဆရာ၊ဆရာမ အရေ အတွက် | ကျောင်းသား နှင့်ဆရာ အချိုး |
၁ | လျှပ်စစ် နည်းပညာသင်တန်း | ၈ | ၅ | ၂:၁ |